Tuesday, October 29, 2013

နေဝင်ချိန်

တဖွဲဖွဲနှင့်ရွာနေသော မိုးစက်များအောက်တွင် အမယ်အိုတစ်ယောက် ဈေးခြင်းတောင်းကြီးကိုဆွဲကာ ဂိုင်းကျိုးနေသောထီးစုတ်လေးဖြင့် ယိုင်နဲ့စွာလမ်းလျှောက်နေသည် ဘေးမှဖြတ်သွားသူများထဲမှ သမင်လည်ပြန်လှည့်ကြည့်သူများ ရှိသလို နှာခေါင်းရှုံ့ပြီး ဘေးကပ်သွားသူများလည်းရှိသည် အမယ်အိုကြီးကတော့ သူတို့ကိုဂရုမစိုက်နိုင် ခြေတလှမ်းခြင်းလှမ်းကာ အောက်နားတွင်မိုးရေများဖြင့်စိုရွှဲနေသော ထဘီကိုလင်တဖက်ဖြင့်မကာ တဖက်တွင်လည်း အရောင်ဖျော့တော့နေသော ခြင်းတောင်းကြီးကိုဆွဲလျက် သူ့နေအိမ်ရှိရာ လမ်းကြားလေးထဲသို့ ချိုးဝင်သွားသည် ဟောင်နေသောခွေးများကိုလည်းဂရုမစိုက်နိုင် ချမ်းတုံနေသောလက်များဖြင့် အိမ်သော့ကိုထုတ်ကာ တံခါးဖွင့်လိုက်သည် အိမ်ထဲရောက်သည်နှင့် ဆေးသောက်ရန် ဆေးဘူးဖွင့်ကြည့်သော်လည်း ဆေးကမရှိတော့
လကုန်ရက်မို့ဆေးသွားဝယ်ရန်ပိုက်စံလည်းမရှိပေ မကြာမီပင်မိုးမိလာသောအကျိုးတရားကြောင့် 
ပန်းနာရင်ကျပ်ရောဂါ အခံနှင့် အမယ်အိုကြီးသည်ချောင်းတဟွတ်ဟွတ်ဆိုးပေတော့သည် ဆေးသောက်ရန်လက်လှမ်းနေရာမှ ဆေးဗူးတွင်ဆေးကုန်နေကြောင်း သတိရသွားသည် မိမိတို့ပင်စင်စားများဘဝသည် ဆေးရုံဆေးခန်းများစီသို့ ရောက်ခဲလှသည် ပရဆေးများကိုသာအားကိုးရသောဘဝတွင် အမည်မဖော်တတ်သောဝေဒနာများကို ခံစားရသည်ကများသည် ယခုကဲ့သို့လကုန်ရက်များတွင်တော့ ဆေးမြီးတိုလေးများဝယ်ရန်ပင် အနိုင်နိုင် ဈေးဖိုးနှင့်သာဖြေသိမ့်ရင်းကျေနပ်ရရှာသည် အခြားလူများကဤအရွယ်ကို တရားဘာဝနာပွားများချိန် သားမြေးမြစ် တို့နှင့်ပျော်ရွှင်ချိန်ဟု သမုတ်ကြသည် မိမိတွင်မူ သားမြေးတို့ကိုမဆိုထားဘိ အိမ်ဘေးနားကပ်နေသော ခွေးလေခွေးလွင့်ပင်မရှိ ရှိလည်းအများနည်းတူထမင်းကြမ်းခဲကိုပင်ကျွေးနိုင်မည်မဟုတ် မိမိပင်ထမင်းနှစ်နပ်ကို အနိုင်နိုင်စားနေရသောဘဝဖြစ်ရာ ခံစားရသောအထီးကျန်မှုကို မျက်မှောင်ကျုံ့ရင်း နေ့ရက်များကိုဖြတ်သန်း ခဲ့သည် ဟိုဟိုဒီဒီတွေးရင်း အမောဖောက်လာသောကြောင့် အနီးရှိခြေတချောင်းကျိုးနေသော ကုလားထိုင်ကိုအမှီပြုလိုက်သည် ရင်ဘတ်တွင်းမှမွမ်းကျပ်စွာ ခံစားနေရသောဝေဒနာကိုမေ့ရင်း လည်ချောင်းတွင်းကပ်နေသော သလိပ်များကိုခြောက်ကပ်စွာအားပြုမြိုချလိုက်သည် သို့သော်မထူးခြား ရင်ဘတ်တွင်းမှဝေဒနာကပိုဆိုးရွားလာသည် တဆစ်ဆစ်အောင့်လာသော ရင်ဘတ်ပေါ်လက်ဖြင့်ဖိရင်း ယခင်ကခံစားရသောဝေဒနာ ထက်ပိုမိုပြင်းထန်လှကြောင်း သတိပြုမိသည် အပ်အစင်းတစ်ရာထိုးသွင်း သကဲ့သို့နာကျင်လှသော ခံစားမှုကြောင့် မျက်ရည်များစီးကျလာသည် တွန့်ခေါက်နေသောပါးပြင်ထက်တွင် တလှိမ့်ချင်းစီးဆင်းလာသောမျက်ရည်ပူများနှင့် အတူမိမိဘဝကို ပြန်လည်မြင်ယောင်နေရာမှ ရုတ်တရက်ပိုမိုပြင်းထန်လာသော ဝေဒနာကြောင့် ခါးကိုကုန်းကာ ကုလားထိုင်ပေါ်တွင်ရင်ဘတ်ကိုဖိရင်း ခေါင်းငုံ့မိလိုက်သည် လောကဓံ၏ရိုက်ခတ်မှုများ ကြောင့်ကြွေလွင့်ခဲ့ရသော ဘဝများကမိမိ၏ပန်းတိုင်ပေလော ပူနွေးသောမျက်ရည်ပေါက်တို့သည် ငုံ့နေသောမျက်နှာမှ ရှုံ့တွနေသော ပါးပြင်တို့ကိုရှောင်ခွာ၍ ပိန်လှီနေသောခြေချောင်းလေးများစီသို့ တစက်စက်မိုးပေါက်လေးများ သဖွယ်ပြုတ်ကျလာသည် လည်ချောင်းတွင်းမှယားယံလာသောဝေဒနာ ကြောင့် မရှိသည့်အားပြု၍ ပါးစပ်ကိုလက်အုပ်ကာချောင်းဟန့်လိုက်သည် ထိုခဏတဒင်ဂအချိန်လေးတွင်းမှာပင် ငုံ့နေသောခေါင်းလေးသည် လောကကြီးကို အထီးကျန်စွာအရိုသေပေးရင်း ငိုက်ကျသွားသည် ကြုံလှီလှသော လက်ဖဝါးပြင်ထက်တွင်တော့ သွေးစလေးများကိုတွေ့ရသည် ငိုက်ကျနေသောဆံဖြူများဖွေးနေသည့် ခေါင်းလေးသည်တော့ပြန်မမော့လာတော့ တိတ်ဆိတ်နေသောအိမ်လေးအတွင်းတွင် လောကကြီးကမျက်ကွယ်ပြုထားခဲ့သော အညတရတစ်ဦး လောကဓံကိုရင်ဆိုင်ရင်း ခြေတစ်ချောင်းကျိုးနေသော ကုလားထိုင်လေးပေါ်တွင် ငြိမ်သက်စွာ အိပ်စက်ခဲ့ချေပြီ မနိုးသောအိပ်စက်အနားယူခြင်းဖြင်

Felix